ကျွန်မကြားဖူးတဲ့ ပုံပြင်လေးတစ်ခုပြောချင်တယ်။ ပုံပြင်လေး နာမည်က " The house of 1000 mirrors" တဲ့ ။
ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ ပေါ့လေ မှန်ချပ် ၁ ၀၀၀ နဲ့ ဆောက်လုပ်ထားတဲ့ အိမ်တစ်အိမ်ရှိတယ်တဲ့ ။ တစ်နေ့ မှာ ပျော်ရွင်နေ တဲ့ခွေးလေး တစ်ကောင်က အဲဒီအိမ်ကို ၀င်ကြည့်ချင်တယ် ဆိုပြီး ၀င်သွားရော အိမ်ထဲမှာ သူက တော့ ပျော်ပျော်ရွင်ရွင်နဲ့ အမြီးလေး နံ့ ပြီး လျှောက်ကြည့်တယ်တဲ့ ကွယ်။ သူထင်တာကတော့ ခွေး ၁၀၀၀ က သူ့ ကိုပျော်ရွှင်စွာ ကြိုဆိုနေတယ်ပေါ့လေဆိုပြီး သဘောကြသွားတယ်တဲ့ ။ တကယ်တော့ အဲဒါက မှန်ကနေ ဖြစ်ပေါ်နေတဲ့ သူ့ ပုံဘဲဆိုတာ သူမသိရှာဘူး။ သူဘယ်လိုကောက်ချက် ချလိုက်သလဲ ဆိုတော့ (ဒီနေရာက အတော်ကို ကောင်းတာဘဲ၊ ငါနောက်ပိုင်းဒီကို ခဏခဏလာမယ်) ဆိုပြီး ထွက်သွားတယ်တဲ့။
အဲဒီ ရွာကလေးမှာပဲ နောက်ထပ် ခွေးလေး တစ်ကောင်က အဲဒီအိမ်ကိုလာလည်တယ်တဲ့ ။ သူကတော့ ပထမခွေးလေးလို မပျော်နေဘူးတဲ့ ။ သူကမျက်နှာရှုံမဲ့ မဲ့ နဲ့ အိမ်ထဲကို ကြည့်လိုက်တော့ သူဘာတွေ့ တယ်ထင်လဲ ။ စိတ်ညစ် ပြီး မျက်နှာရှုံမဲ့နေတဲ့ ခွေး ၁၀၀၀ ကို တွေ့ သတဲ့ ။ အဲတော့ သူက ဒီခွေးတွေ ကခင်မင်ဖို့ လဲမကောင်းဘူးဆိုပြီးတော့ မာန်ဖီ ပြလိုက်တာ ၊ အိမ်ထဲ က ခွေး ၁၀၀၀ ကလဲသူ့ ကို ပြန် မာန်ဖီ ပြတယ်တဲ့ လေ။ အဲတော့ သူ က ဘယ်လိုကောက်ချက်ချလိုက်သလဲ ဆိုတော့ (ဒီအိမ်က ဖော်ရွေမှုလဲ မရှိဘူး၊ ငါဘယ်တော့မှ ဒီကိုပြန်မလာတော့ဘူး) တဲ့ လေ။
တကယ်တော့ ကမ္ဘာပေါ်မှာကိုယ်မြင်ရတဲ့ မျက်နှာတွေ ရုပ်တွေ ကအကုန် ကိုယ့်ရဲ့ ရောင်ပြန်ထင်ဟပ်တဲ့ ပုံတွေဘဲလေ။
ကဲ .. သူငယ်ချင်းတို့ ရေ ကိုယ့် ပတ်ဝန်းကျင်မှာဘယ်လို ရုပ်တွေတွေ့ လဲ။
ဒီပုံပြင်လေးရဲ့  သင်ခန်းစာ ကတော့ - ကိုယ်က သူများတွေ အပေါ်ကို ကောင်းတယ်ဆို သူတို့ လဲကိုယ့် အပေါ် ပြန်ကောင်းမှာဘဲ လို့ ပြောချင်တာလို့ ကျွန်မထင်တယ်။ ပုံပြင်လေးက အရမ်းကို အဓိပ္ပါယ် နက်ရှိုင်းပါတယ်။

No comments:
Post a Comment