Thursday, January 3, 2008

ဓာတ်ပုံတွေကြည့်ကြစို့ လား

အလွန် လှပပြီး resolution ကောင်းတဲ့ ပုံတွေ ကြည့်ကြစို့ လား


ပုစဉ်းလေးပါ (dragonfly)

.......................................................................


ပင်လယ်ဖျံလေး ကျောက်ဆောင်ပေါ်မှာ အနားယူနေတဲ့ ပုံလေးပေါ့ (ဇိမ်ကျလိုက်တာနော် သူ့ ကြည့်ရတာ)

How do you see yourself?



ကျွန်မကြားဖူးတဲ့ ပုံပြင်လေးတစ်ခုပြောချင်တယ်။ ပုံပြင်လေး နာမည်က " The house of 1000 mirrors" တဲ့ ။
ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ ပေါ့လေ မှန်ချပ် ၁ ၀၀၀ နဲ့ ဆောက်လုပ်ထားတဲ့ အိမ်တစ်အိမ်ရှိတယ်တဲ့ ။ တစ်နေ့ မှာ ပျော်ရွင်နေ တဲ့ခွေးလေး တစ်ကောင်က အဲဒီအိမ်ကို ၀င်ကြည့်ချင်တယ် ဆိုပြီး ၀င်သွားရော အိမ်ထဲမှာ သူက တော့ ပျော်ပျော်ရွင်ရွင်နဲ့ အမြီးလေး နံ့ ပြီး လျှောက်ကြည့်တယ်တဲ့ ကွယ်။ သူထင်တာကတော့ ခွေး ၁၀၀၀ က သူ့ ကိုပျော်ရွှင်စွာ ကြိုဆိုနေတယ်ပေါ့လေဆိုပြီး သဘောကြသွားတယ်တဲ့ ။ တကယ်တော့ အဲဒါက မှန်ကနေ ဖြစ်ပေါ်နေတဲ့ သူ့ ပုံဘဲဆိုတာ သူမသိရှာဘူး။ သူဘယ်လိုကောက်ချက် ချလိုက်သလဲ ဆိုတော့ (ဒီနေရာက အတော်ကို ကောင်းတာဘဲ၊ ငါနောက်ပိုင်းဒီကို ခဏခဏလာမယ်) ဆိုပြီး ထွက်သွားတယ်တဲ့။
အဲဒီ ရွာကလေးမှာပဲ နောက်ထပ် ခွေးလေး တစ်ကောင်က အဲဒီအိမ်ကိုလာလည်တယ်တဲ့ ။ သူကတော့ ပထမခွေးလေးလို မပျော်နေဘူးတဲ့ ။ သူကမျက်နှာရှုံမဲ့ မဲ့ နဲ့ အိမ်ထဲကို ကြည့်လိုက်တော့ သူဘာတွေ့ တယ်ထင်လဲ ။ စိတ်ညစ် ပြီး မျက်နှာရှုံမဲ့နေတဲ့ ခွေး ၁၀၀၀ ကို တွေ့ သတဲ့ ။ အဲတော့ သူက ဒီခွေးတွေ ကခင်မင်ဖို့ လဲမကောင်းဘူးဆိုပြီးတော့ မာန်ဖီ ပြလိုက်တာ ၊ အိမ်ထဲ က ခွေး ၁၀၀၀ ကလဲသူ့ ကို ပြန် မာန်ဖီ ပြတယ်တဲ့ လေ။ အဲတော့ သူ က ဘယ်လိုကောက်ချက်ချလိုက်သလဲ ဆိုတော့ (ဒီအိမ်က ဖော်ရွေမှုလဲ မရှိဘူး၊ ငါဘယ်တော့မှ ဒီကိုပြန်မလာတော့ဘူး) တဲ့ လေ။

တကယ်တော့ ကမ္ဘာပေါ်မှာကိုယ်မြင်ရတဲ့ မျက်နှာတွေ ရုပ်တွေ ကအကုန် ကိုယ့်ရဲ့ ရောင်ပြန်ထင်ဟပ်တဲ့ ပုံတွေဘဲလေ။
ကဲ .. သူငယ်ချင်းတို့ ရေ ကိုယ့် ပတ်ဝန်းကျင်မှာဘယ်လို ရုပ်တွေတွေ့ လဲ။

ဒီပုံပြင်လေးရဲ့  သင်ခန်းစာ ကတော့ - ကိုယ်က သူများတွေ အပေါ်ကို ကောင်းတယ်ဆို သူတို့ လဲကိုယ့် အပေါ် ပြန်ကောင်းမှာဘဲ လို့ ပြောချင်တာလို့ ကျွန်မထင်တယ်။ ပုံပြင်လေးက အရမ်းကို အဓိပ္ပါယ် နက်ရှိုင်းပါတယ်။

Plans for a new year


နှစ်သစ်မှာလူတွေ တော်တော်များများက ဒီနှစ်မှာဘာလုပ်မယ် ဆိုပြီး အစီအစဉ်တွေချထားကြတယ်။
ကျွန်မကရော၊ ကျွန်မက ဒီနှစ်မှာဘာလုပ်ချင် သလဲဆိုတော့

- ကျွန်မ blog အတွက် template လေးတစ်ခု ရေးကြည့်ချင်တယ် (သို့ သော်... လုံးဝနားမလည်ပါ)
- ကျွန်မစာအရေးအသား ကတော်တော်ညံ့ပါတယ်။ အဲဒါလေးကိုလဲ ပြုပြင်ချင်တယ်။
- ကျွန်မ့ blog မှာတတ်နိုင်သလောက် ဗဟုသုတရတာတွေ ရေးချင်တယ်ရှင်။ ရေးနိုင်အောင်လဲကြိုးစားပါ့မယ်။
ကျွန်မ blog ကိုစုံစုံလင်လင် လှလှပပဖြစ်အောင်ကျွန်မ အစွမ်းကုန်ကြိုးစားပါမယ်ရှင့်။ လိုတာရှိရင် အားမနာတမ်းပြောလို့ ရပါတယ်။

အားလုံးဘဲ နှစ်သစ်မှာပျော်ရွှင်ပါစေရှင်။ goal လေးတွေ ရှိရင်လဲ ဖြစ်မြောက်နိုင်ကြပါစေလို့ ကျွန်မဒီကဘဲ ဆုတောင်းလိုက်ပါတယ်ရှင်။

Wednesday, January 2, 2008

Happy New Year!!



























အားလုံးဘဲ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်။
နှစ်ဟောင်းကုန်လို့ နှစ်သစ်လဲရောက် ပြီလေ။ ၂၀၀၇ ကုန်ဆုံးလို့  ၂၀၀၈ ထဲဝင်ခဲ့ ပြီ။
ဒီဇင်ဘာညချမ်း ၃၁ ရက်နေ့ ညက ကျွန်မ ရထားမစီးဖူး လို့ သူငယ်ချင်း၁ယောက်နဲ့ အဖော်စပ်ပြီး ရထားသွားစီးတယ်။ မြို့ ထဲ မှာ New Year Count down နဲ့  မီးပန်းတွေ ကြည့်ချင်တာလဲပါ တာပေါ့လေ.။
ရထားက ၁နာရီနီးနီးစီးရတယ်။ ကားစီးရင်တော့ပိုကြာတာပေါ့လေ။ ကျွန်မရှေ့ မျက်စောင်းထိုးလေးမှာ ထိုင်တဲ့ကောင်မလေး၁ယောက် သူ့ သူငယ်ချင်းကို စကားပြောဖို့ ကို cell phone မှာ message ရိုက်ပြီးပြောနေတာကို ကျွန်မတွေ့ လိုက်ရတော့ အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့် သူ့ ကိုကြည့်ရတာ သူ့ ဘ၀ သူ ကြိုက်သလို ဘဲ။ မျက်နှာလေး ကပြုံးပြုံးလေးနဲ့ ကျွန်မသူ့ ကိုအရမ်း သဘောကျမိသွားတယ်။ ဒါကြောင့် ကျွန်မကို ပြည့်ပြည့်စုံစုံမွေးတဲ့ တဲ့ အမေ ကိုဒီနေရာကနေ ကျေးဇူးတင်မိပါတယ်။
အဲဒီနေ့ က ကျွန်မ အဲဒီကောင်မလေး သူ့ ဘ၀ကိုရုန်းကန် နေတာကို တွေ့ ခဲ့ ရတာ ကျွန်မ၀မ်းသာမိတယ်။ ကျွန်မ သင်ခန်းစာ တစ်ခုလဲရခဲ့ တယ်။ အရာရာ ကို ဘယ်တော့မှ အရှုံးမပေးပါနဲ့ ဆိုတာပါဘဲ။ ဘယ်ပြဿနာမဆို ဖြေရှင်းဖို့ နည်းလမ်းရှိတယ် ဆိုတာ ကို ကျွန်မကောင်းကောင်းကြီးသိခဲ့ ရပါပြီ။
ဒါကြောင့်ကျွန်မအားလုံးကို တစ်ခုပြောချင်ပါတယ်။ ဘယ်အရာကိုမှလက်မလျော့ ပါနဲ့ လို့ ။